Saturday, November 5, 2011

GMail သုံးပြီး ဖွင့်ထားမိခဲ့ရင် ဘယ်လို ပြန်ပိတ်မလဲ

ဒီတစ်ခါ ပြောချင်တဲ့ အကြောင်းလေး ကတော့ ဗျာ ။ ကျွန်တော် တို့ အင်တာနက်ဆိုင်တစ် ဆိုင်မှာ Gmail သုံးခဲ့ပြီး မပိတ်မိခဲ့ရင် ဘယ်လို ပြန်ပိတ်မလဲဆိုတဲ့ အကြောင်းလေးပါ ။
နီးရာအင်တာနက်ဆိုင်ထဲဝင်ပြီး ဒီလိုသာလုပ်လိုက်ပါ။
ပထမဆုံးအနေနဲ့ မပိတ်ခဲ့ရတဲ့ Gmail ကို ဖွင့်လိုက်ပါ။ နောက်ပြီးရင် အောက်ပိတ်ဆုံးနားမှာရှိတဲ့ Details ဆိုတာလေးကိုရှာပါ။အဲတွေ့ပြီဆိုရင် Details ကို ကလစ်လိုက်ပါ ။ ပေါ်လာတဲ့ Window ထဲက Sign out all other settions ဆိုတာကို Click လိုက်ပါ ။

Successfully signed out all other sessions ဆိုတာလေး ပေါ်လာရင် အဆင်ပြေသွား ပါပြီ ။

Friday, July 29, 2011

Gmail မှာ Auto reply ပြန်တဲ့ စာလေးတွေ ရေးရအောင်

အဲဒီနည်းလေးကိုလည်းသိတဲ့လူတွေက သိပြီးသားဖြစ်မှာပါ။
ပထမဆုံး Gmail ရဲ့ Setting ကိုဖွင့်လို ပါ။ ပေါ်လာတဲ့ Gmail Setting ထဲက General tab အောက်မှာ Vacation Responder ဆိုတာကို လိုက်ရှာပါ Vacation Responder On နဲ့ Vacation Responder Off ဆိုပြီး တွေ့ရပါလိမ့်မယ်။ Gmail မှာ Auto reply ပြန်တဲ့ စာလေးတွေ ရေးဖို့ အတွက် Vacation Responder On ဆိုတာလေးကို Click တစ်ချက်နှိပ်ပြီး ရွေးလိုက်ပါ Subject နဲ့ Message ဘေးက text box တွေထဲမှာ ကိုယ် reply ပြန်စေချင်တဲ့ စာတွေ ကို ထည့်လိုက်ပါ။ အောက်ဆုံးနားမှာရှိတဲ့ Save Changes ဆိုတဲ့ Button လေးကို Click လိုက်ပါ ။ နောက် ကိုယ့်မေးလ်ထဲကို သူငယ်ချင်းတစ်ယောက်က မေးလ်ပို့လိုက်တာနဲ့ မေးလ်ပို့တဲ့သူဆီကို ကိုယ်ရေးထားတဲ့ Message လေး အလိုလိုရောက်နေပါလိမ့်မယ်ဗျာ။ လာလည်သူအပေါင်း ဗဟုသုတများ တိုးပွားကြပါစေလို့

Sunday, June 12, 2011

နာ​မည်မ​ရှိ​တဲ့ Folderေ​လး လု​ပ်ြ​က​ည့်​ရေ​အာင်ဗျာ

နာမည်မရှိတဲ့ ဖိုဒါလေး လုပ်ဖို့  ဘာ software မှ မလိုပါဘူး။ နောက်ပြီး ဖတ်ပြီးသွားရင် အော် ဒီလိုလေးတင်ပါ့လားလို့ ရေရွတ်ဖို့လည်း မမေ့ပါနဲ့ဦးဗျာ့ ။ အဲ လေကြောရှည်နေတာနဲ့ ကြာပါတယ် ။ ကျွန်တော်တို့တွေ စလိုက်ကြရအောင် ။ ပထမဆုံးအနေနဲ့ နာမည်မရှိတဲ့ ဖိုဒါလုပ်ချင်တဲ့ ဖိုဒါလေးကို select လုပ်လိုက်ပါ။ ပြီးရင် F2 ကို နှိပ်လိုက်ပါ။( right click လုပ်ပြီး rename ကို click လည်းရပါတယ်။) ပြီးရင် Alt ကို နှိပ်ရင်း Key Pad ပေါ်က 255 (သို့မဟုတ်) 0160 ကို နှိပ်လိုက်ပါ။ ပြီးရင် Enter ခေါက်လိုက်ပါတော့ ။ ဖိုဒါလေးမှာနာမည်မရှိတော့ဘူး ။ ကဲ စာဖတ်သူအပေါင်း နည်းပညာ၊ ဗဟုသုတများ တိုးပွားနိုင်ကြပါစေဗျာ။