Wednesday, August 15, 2012

USB Stick အပျက်ကလေးတွေ ပြင်ကြည့်ရအောင်

USB က Format ရိုက်လို့မရ၊ Data ထုတ်မရ၊ Data ထည့်မရ ၊ 4GB ကို 100MBလောက်ပဲသုံးရ နေလို့စိတ်ညစ်နေပါသလား။ ဘာမှစိတ်ညစ်မနေပါနဲ့ ။ ဒီနေ့ USB Stick တွေပြင်လို့ရတဲ့ Tool လေးတစ်ခုပေးမယ် ။ စမ်းပြီးသုံးကြည့်ပေါ့ ။ အဆင်ပြေသွားရင် အမြတ်ပေါ့။ အဆင်မပြေတော့လည်း အရင်းပေါ့ ဟုတ်ဘူးလား ။ ကျွန်တော်ကတော့ အမြတ်ရလိုက်တယ်ဗျာ့။ ခုနလေးကပဲ ဒေါင်းထားတဲ့ Software တွေထဲကနေ တွေ့တာနဲ့ ကျွန်တော့ရဲ့ USB Stick အပျက်ကလေးကို စမ်းကြည့်လိုက်တယ်ဗျာ့ ။ အဲ ပြောရဦးမယ် ကျွန်တော့ 4G Stick ကလေးက 29.8MB ပဲအလုပ်လုပ်တယ်ဗျာ့။ Format ရိုက်တော့လည်း 4G မရဘူး 29.8 MB ပဲ ပြနေတယ်ဗျာ့ ။ အဲဒါနဲ့  Memory Stick ကလေး ကွန်ပျူတာမှထိုးပြီး ဒီ Software လေးကို Run လိုက်တယ်။ ပေါ်လာတဲ့ Dialog Box ထဲက Format Button ကို Click လိုက်တယ်။ သူက Format လုပ်ရင် Stick ထဲက Data တွေပျက်မယ်တွေဘာမယ်တွေပြောတာပေါ့။
ကျွန်တော်လည်းရပါတယ်ပေါ့ ဆိုပြီး OK ကလစ်လိုက်ပါတယ်။ မိနစ် ၃၀ ၀န်းကျင်လောက်ရောက်တော့ Message Box ပေါ်လာတယ် ။ Format Fail တဲ့ ။ သွားပါပြီလို့ ကျွန်တော်မှတ်လိုက်တာ ။ ကွန်ပျူတာကို USB Stick လေးပြန်ထိုးကြည့်လိုက်ပြီး မကျေနပ်တာနဲ့ Right Click နှိပ်ပြီး Format ပြန်ရိုက်ကြည့်လိုက်တော့ 3.79GB free of 3.79GB တဲ့ ။ ဟုတ်ရဲ့လားဆိုပြီး Data အသွင်း အထုတ်ကလေးလုပ်ကြည့်လိုက်တော့ ။ အဆင်ပြေတယ်ဗျာ။
အဲဒီ့ Software လေးကို လိုချင်ရင် ဒီမှာ ဒေါင်းပါ။ 136.45KBပဲရှိပါတယ်။

Tuesday, August 14, 2012

Cursor ဖန်တီးလို့ရတဲ့ Software

Software အသစ်ကလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီ Software လေးက ကိုယ်ပိုင် Cursor ဖန်တီးလို့ရမဲ့ Software လေးပါ။ CursorFX Plus လို့ခေါ်ပါတယ်။ အသုံးပြုချင်သူတွေအတွက် ဒီမှာ CursorFX Plus 2.01 Full Version(29.89MB) လေးကို Download ဆွဲနိုင်ပါပြီ။

Angry Bird အသစ်

Angry Birds ချစ်သူတွေအတွက် Angry Bird Season 2.2.0 ဂိမ်းအသစ်လေး ရှာပြီးတင်ပေးလိုက်ပါတယ်။ Patch File ပါတစ်ခါတည်းပါပါတယ်။ 52.6 MB ရှိပါတယ် ။ လိုချင်သူတွေ ဒီမှာ ဒေါင်းပါ။

Monday, August 13, 2012

Networking ဆိုင်ရာစာအုပ်

Networking လေ့လာလိုက်စားနေတဲ့ သူငယ်ချင်းများအတွက် William Stallings ရဲ့ Data and Computer Communications , 5th Edition စာအုပ်ကလေး ကို တင်ပေးလိုက်ပါတယ်။ စာအုပ်ကတော်တော်တော့  ဟောင်းနေပါပြီ။ 30.09 MB ရှိပါတယ်။
လိုချင်သူများ ဒီမှာ ဒေါင်းပါ။

Computer Virus စာအုပ်လေး

Computer viruses: from theory to applications စာအုပ်ကလေးကို Computer Virus တွေအကြောင်းလေ့လာချင်သူတွေအတွက် တင်ပေးလိုက်ပါတယ်။ အကျိုးရှိစွာ အသုံးချနိုင်ကြပါစေ။
လိုချင်သူတွေ ဒီမှာ ဒေါင်းပါ။