Showing posts with label Gmail နှင့် Gtalk နည်းပညာ. Show all posts
Showing posts with label Gmail နှင့် Gtalk နည်းပညာ. Show all posts

Wednesday, February 6, 2013

Gtalk ကိုအကောင့်တစ်ခုထက်ပိုပြီး သုံးလို့ရအောင်

ဒီနည်းလေးကို တော်တော်များများလည်းသိပြီးဖြစ်မှာပါ။ မသိသေးတဲ့လူတွေအတွက်ပေါ့ဗျာ။ Gtalk ကို အကောင့်တစ်ခုထက်ပိုပြီး သုံးလို့ရအောင်လုပ်ဖို့က Software မလိုဘူးဗျာ။ ကျွန်တော်လည်းမသိခင်ကတော့ Software လိုတယ်ထင်နေခဲ့တာ။ သိသွားတော့မှ ဒီလိုလေးတင်ပဲလားပေါ့ ။ နည်းပညာဆိုတာ ဒီလိုပါပဲ မသိသေးခင်တာ ခက်တာပါ ။ သိသွားတော့လည်း အော်ဒီလို လေးတင်ပါ့လားပေါ့ ။ စကားတွေပြောနေတာ ကြာပါတယ် ။ စလိုက်ကြရအောင်ဗျာ ။
ပထမဆုံးအနေနဲ့ Desktop ပေါ်မှာရှိနေတဲ့ gtalk icon လေးကို right click လုပ်လိုက်ပါ ။ ပေါ်လာတဲ့ Menu ထဲက Properties ကို Click လိုက်ပါ။ Properties Box ကျလာလိမ့်မယ်။ အဲဒီ့ထဲက Target ဆိုတာရဲ့ ဘေးက Text Field ထဲမှာ C:\Program Files\Google\Google Talk\googletalk.exe" /startmenu ဆိုတာကိုတွေ့ရပါလိမ့်မယ်။ နောက်ဆုံးက startmenu ဆိုတာလေးကို nomutex လို့ပြင်လိုက်ပြီး Apply ဆိုတဲ့ Button လေးကို Click လိုက်ပါ။ အကောင့်ဘယ်နှစ်ခု ဖွင့်ပြီးသုံးချင်လဲ သုံးချင်သလောက် ဖွင့်လို့ရပါပြီဗျာ။ ကဲ စာဖတ်သူ သင်လည်း အခု အော်ဒီလိုလေးတင်ပါ့လားလို့ ရေရွတ်နေပြီမလား။ စာဖတ်သူ အပေါင်း နည်းပညာ ဗဟုသုတများ တိုးပွားနိုင်ပါစေ ခင်ဗျာ။

Saturday, November 5, 2011

GMail သုံးပြီး ဖွင့်ထားမိခဲ့ရင် ဘယ်လို ပြန်ပိတ်မလဲ

ဒီတစ်ခါ ပြောချင်တဲ့ အကြောင်းလေး ကတော့ ဗျာ ။ ကျွန်တော် တို့ အင်တာနက်ဆိုင်တစ် ဆိုင်မှာ Gmail သုံးခဲ့ပြီး မပိတ်မိခဲ့ရင် ဘယ်လို ပြန်ပိတ်မလဲဆိုတဲ့ အကြောင်းလေးပါ ။
နီးရာအင်တာနက်ဆိုင်ထဲဝင်ပြီး ဒီလိုသာလုပ်လိုက်ပါ။
ပထမဆုံးအနေနဲ့ မပိတ်ခဲ့ရတဲ့ Gmail ကို ဖွင့်လိုက်ပါ။ နောက်ပြီးရင် အောက်ပိတ်ဆုံးနားမှာရှိတဲ့ Details ဆိုတာလေးကိုရှာပါ။အဲတွေ့ပြီဆိုရင် Details ကို ကလစ်လိုက်ပါ ။ ပေါ်လာတဲ့ Window ထဲက Sign out all other settions ဆိုတာကို Click လိုက်ပါ ။

Successfully signed out all other sessions ဆိုတာလေး ပေါ်လာရင် အဆင်ပြေသွား ပါပြီ ။

Friday, July 29, 2011

Gmail မှာ Auto reply ပြန်တဲ့ စာလေးတွေ ရေးရအောင်

အဲဒီနည်းလေးကိုလည်းသိတဲ့လူတွေက သိပြီးသားဖြစ်မှာပါ။
ပထမဆုံး Gmail ရဲ့ Setting ကိုဖွင့်လို ပါ။ ပေါ်လာတဲ့ Gmail Setting ထဲက General tab အောက်မှာ Vacation Responder ဆိုတာကို လိုက်ရှာပါ Vacation Responder On နဲ့ Vacation Responder Off ဆိုပြီး တွေ့ရပါလိမ့်မယ်။ Gmail မှာ Auto reply ပြန်တဲ့ စာလေးတွေ ရေးဖို့ အတွက် Vacation Responder On ဆိုတာလေးကို Click တစ်ချက်နှိပ်ပြီး ရွေးလိုက်ပါ Subject နဲ့ Message ဘေးက text box တွေထဲမှာ ကိုယ် reply ပြန်စေချင်တဲ့ စာတွေ ကို ထည့်လိုက်ပါ။ အောက်ဆုံးနားမှာရှိတဲ့ Save Changes ဆိုတဲ့ Button လေးကို Click လိုက်ပါ ။ နောက် ကိုယ့်မေးလ်ထဲကို သူငယ်ချင်းတစ်ယောက်က မေးလ်ပို့လိုက်တာနဲ့ မေးလ်ပို့တဲ့သူဆီကို ကိုယ်ရေးထားတဲ့ Message လေး အလိုလိုရောက်နေပါလိမ့်မယ်ဗျာ။ လာလည်သူအပေါင်း ဗဟုသုတများ တိုးပွားကြပါစေလို့