Wednesday, February 6, 2013

Gtalk ကိုအကောင့်တစ်ခုထက်ပိုပြီး သုံးလို့ရအောင်

ဒီနည်းလေးကို တော်တော်များများလည်းသိပြီးဖြစ်မှာပါ။ မသိသေးတဲ့လူတွေအတွက်ပေါ့ဗျာ။ Gtalk ကို အကောင့်တစ်ခုထက်ပိုပြီး သုံးလို့ရအောင်လုပ်ဖို့က Software မလိုဘူးဗျာ။ ကျွန်တော်လည်းမသိခင်ကတော့ Software လိုတယ်ထင်နေခဲ့တာ။ သိသွားတော့မှ ဒီလိုလေးတင်ပဲလားပေါ့ ။ နည်းပညာဆိုတာ ဒီလိုပါပဲ မသိသေးခင်တာ ခက်တာပါ ။ သိသွားတော့လည်း အော်ဒီလို လေးတင်ပါ့လားပေါ့ ။ စကားတွေပြောနေတာ ကြာပါတယ် ။ စလိုက်ကြရအောင်ဗျာ ။

ပထမဆုံးအနေနဲ့ Desktop ပေါ်မှာရှိနေတဲ့ gtalk icon လေးကို right click လုပ်လိုက်ပါ ။ ပေါ်လာတဲ့ Menu ထဲက Properties ကို Click လိုက်ပါ။ Properties Box ကျလာလိမ့်မယ်။ အဲဒီ့ထဲက Target ဆိုတာရဲ့ ဘေးက Text Field ထဲမှာ C:\Program Files\Google\Google Talk\googletalk.exe" /startmenu ဆိုတာကိုတွေ့ရပါလိမ့်မယ်။ နောက်ဆုံးက startmenu ဆိုတာလေးကို nomutex လို့ပြင်လိုက်ပြီး Apply ဆိုတဲ့ Button လေးကို Click လိုက်ပါ။ အကောင့်ဘယ်နှစ်ခု ဖွင့်ပြီးသုံးချင်လဲ သုံးချင်သလောက် ဖွင့်လို့ရပါပြီဗျာ။ ကဲ စာဖတ်သူ သင်လည်း အခု အော်ဒီလိုလေးတင်ပါ့လားလို့ ရေရွတ်နေပြီမလား။ စာဖတ်သူ အပေါင်း နည်းပညာ ဗဟုသုတများ တိုးပွားနိုင်ပါစေ ခင်ဗျာ။

0 အကြံပြုလိုသမျှရေးသားခဲ့နိုင်ပါသည်။ :

Post a Comment