Thursday, June 20, 2013

လူသုံးနည်းသော Mouse အသုံးပြုနည်းလေးတွေ


လူသုံးနည်းတဲ့ Mouse အသုံးပြုနည်း လေးတွေကို ကျွန်တော် တို့သုံးကြည့်ရအောင် ဗျာ။
Shortcut လို့ လည်းခေါ်ကြပါတယ်ဗျာ။
၁။ ဖွင့် ထားသော Tab ကို အလွယ်တကူ ပိတ်နည်း
ဖွင့် ထားတဲ့ Tab တွေကို ပိတ်အောင် Middle Button Scroll Wheel လေးကို သုံးပါမယ်။ ကို ပိတ်ချင် တဲ့ Tab ကလေးကို Mouse Pointer လေးတင်ပြီး Scroll Wheel လေးကို နှိပ်လိုက်ပါ။ ပိတ်သွားပါလိမ့်မယ်။

၂။ Forward (သို့)Backward ကို Button မနှိပ်ပဲ သွားလို့ရတယ်
င်္င်္Forward Button / Backward Button မနှိပ်ပဲ Shift ကလေး ဖိထားပြီး Scroll Wheel လေး ရှေ့တိုးနောက် ဆုတ်လုပ်ပြီး သွားလို့ရပါတယ်။
 Shift ကလေး နှိပ်ပြီး Scroll Wheel လေးကို ရှေ့လှည့်ပေးရင် Forward Button နှိပ်လိုက်တာနဲ့အတူတူပါပဲ ။
 Shift ကလေး နှိပ်ပြီး Scroll Wheel လေးကို နောက်လှည့်ပေးရင် Backward Button နှိပ်လိုက်တာနဲ့အတူတူပါပဲ ။

၃။ စာပိုဒ်တွေကို Select ကြမယ်
ကို Select လုပ်ချင်တဲ့ စာပိုဒ်ထဲက စာလုံးတစ်လုံးပေါ်မှာ Mouse သုံးချက်မြန်မြန်လေးနှိပ်လိုက်ပါ။ စာပိုဒ်တစ်ခုလုံးကို Select လုပ်ပေးပါလိမ့်မယ်။

၎။ Zoom ချဲ့မယ်.... ချုံ့မယ်.....
ဒါကတော့ တော်တော်များများ သိပြီးသားဖြစ်မှာပါ။ Ctrl လေးဖိထားပြီး Scroll Wheel လေးကို ရှေ့နောက် လှည့်ကြည့်လိုက်ပါ။


**ဒီMouse အသုံးပြု နည်းတွေက Firefox Browser တွေမှာ စမ်းသပ်ထားတာ ဖြစ်ပါတယ် ။


အလည်လာသူရဲ့ မျက်နှာမှာ အပြုံးပန်းတစ်ပွင့်ပွင့်သွားရင် ငါရေးရကျိုးနပ်တယ်။

0 အကြံပြုလိုသမျှရေးသားခဲ့နိုင်ပါသည်။ :

Post a Comment