Friday, June 28, 2013

EDraw Max 6.8.0.2400

Diagram ဆွဲလို့ရတဲ့ Software လေးတစ်ခုပေးချင်ပါတယ် ဗျာ ။






သူက အောက်မှာဖော်ပြထားတဲ့ Diagram တွေဆွဲလို့ရပါတယ်။

UML diagrams
Workflows
Program structures
Database diagrams 
Network diagrams 
Web design diagrams
Electrical engineering diagrams
Professional-looking flowcharts
Organizational charts

Business presentations
Building plans
Mind maps
Science illustration
Fashion designs
Directional maps
------------------
ရေးရတာ မောလိုက်တာ :)



 
ပြည့်ပြည့်စုံစုံသိချင်ရင် ဒီမူရင်းဆိုက် ကို သွားကြည့်နိုင်ပါတယ်ဗျာ။

Software ဒီမှာ
Crack  ဒီမှာ


အလည်လာသူရဲ့ မျက်နှာမှာ အပြုံးပန်းတစ်ပွင့်ပွင့်သွားရင် ငါရေးရကျိုးနပ်တယ်။

Thursday, June 27, 2013

Download ဆွဲနည်း

 Download link ကို နှိပ်လိုက်ရင် Adf.ly ကိုရောက်သွားပါလိမ့်မယ်။ 5 second လောက်ကြာရင် ညာဘက် အပေါ် ထောင့်လေးမှာ အပေါ်ကပုံလို SKIP AD ဆိုတာလေးပေါ်လာပါလိမ့်မယ်။ အဲဒီ့ Button လေးကို တစ်ချက် ကလစ်လိုက်ပါ။

Tusfiles ဆိုက်ထဲကိုရောက်သွားရင် အောက်ကပုံအတိုင်း Download လုပ်ပါ။

Mediafire ဆိုက်ထဲကို ရောက်သွားရင် အောက်ကပုံအတိုင်း Download လုပ်ပါ။

ShareBeast ဆိုက်ထဲကို ရောက်သွားရင် အောက်ကပုံအတိုင်း Download လုပ်ပါ။


ကျန်ရှိနေသောသော Download ဆွဲနည်းများကို ဆက်တင်ပေးပါဦးမယ်
(ကျွန်တော့် Blog က Download Link များအတွက်သာ)


အလည်လာသူရဲ့ မျက်နှာမှာ အပြုံးပန်းတစ်ပွင့်ပွင့်သွားရင် ငါရေးရကျိုးနပ်တယ်။

Window 8 က Desktop Theme ကို Window 7 မှာ သုံးရအောင်လုပ်မယ်


 Window 7 ရဲ့ Desktop Theme Pack က *.themepack ပါ။ Window 8 ရဲ့ Desktop Theme Pack က *.deskthemepack ပါ။
အခုပေးမဲ့ Software လေးက Window 8 မှာ သုံးတဲ့ *.deskthemepack ကို Window 7 မှာ တင်သုံးလို့ရအောင် ကူညီပေးပါလိမ့်မယ်ဗျာ။
Software လေးကို ဒီကနေ အရင်ဆုံး Download လုပ်လိုက်ပါ။
Download လုပ်ပြီးသွားရင် Rar ဖိုင်လေးကို ဖြည်လိုက်ပါ။

ဒီက နေပြီး Window 8 အတွက် Desktop Theme ဖိုင်လေး ကို ဆွဲလိုက်ပါဦး ။
DeskthemepackInstaller ကို Run လိုက်ပါ။

အပေါ်ဆုံးက Install a deskthemepack File .... ဆိုတာလေးကို Click လိုက်ပါ။
အပေါ်တုန်းက  ဆွဲထားတဲ့ Window 8 Desktop Theme လေးကို ရွေးပေးလိုက်ပါ။
အခုဆိုရင် သင့် Window 7 မှာ Window 8 Desktop Theme လေးရောက်နေတာကို တွေ့ရပါလိမ့်မယ်ဗျာ။

အလည်လာသူရဲ့ မျက်နှာမှာ အပြုံးပန်းတစ်ပွင့်ပွင့်သွားရင် ငါရေးရကျိုးနပ်တယ်။

Blog အတွက် APK လေး




ကျွန်တော့ Blog အတွက် APK လေး ရေးထားပါတယ်
လိုချင်တဲ့သူတွေ ဒီမှာ ဒေါင်းနိုင်ပါ တယ်။

အလည်လာသူရဲ့ မျက်နှာမှာ အပြုံးပန်းတစ်ပွင့်ပွင့်သွားရင် ငါရေးရကျိုးနပ်တယ်။

Sunday, June 23, 2013

ကိုယ်အပြင်သွားနေတုန်း ကိုယ့် File တွေကို Cut , Copy , Paste , Delet , Rename လုပ်လို့ မရအောင် ပိတ်ထားကြရအောင်



Post Title က အရှည်ကြီးပဲ ...... ရေးရတာ မောလိုက်တာ :) :)
ဒီနေ့တော့ Prevent လေးနဲ့ မိတ်ဆက်ပေးချင်တယ်ဗျာ။
ဒီ Software လေးက File တွေ Folder တွေကို Cut , Copy , Paste , Delet , Rename လုပ်လို့မရအောင် ပိတ်ပေးထားတဲ့ Software လေးပါဗျာ ။
Software လေးကို အရင်ဆုံး ဒီကနေ ဒေါင်းလိုက်ပါ။
ပြီးရင် Install လုပ်လိုက်ပါ။
ပြီးရင် Run လိုက်ပါ။
Prevent Software လေးကို ရပ်ဖို့ အတွက် Hotkey လေးသတ်မှတ်ခိုင်းပါလိမ့်မယ်။
ကျွန်တော်က တော့ အပေါ်က ပုံမှာ မြင်ရတဲ့ အတိုင်း Ctrl+T လေး ကို Hotkey လေးပေးထားပါတယ်။
(ကိုယ်ကြိုက်တဲ့ Hotkey လေး တစ်ခု ကိုယ့်ဘာသာကို သတ်မှတ်လိုက်ပါ။)
အဲဒီ့ Hotkey လေးကို မှတ်ထားပါနော်။
Activate Button လေးကို Click လိုက်ပါ။ Hotkey Saved ဆိုတဲ့ Message ဘောက်လေးပေါ်လာပါလိမ့်မယ်။ OK ပေးလိုက်ပါ။
Prevent လေး စပြီး Hiden ဖြစ်သွားပြီး တိတ်တိတ်ကလေး Run နေပါပြီဗျာ။
အခုက စပြီး Cut , Copy , Paste , Delete , Copy To , Move To , Send To , Rename စတဲ့ Function တွေ သုံးလို့မရတော့ပါဘူး။
သူက Task Manager ထဲက Process Tab ထဲမှာ Right Click Menu မပေါ်အောင်ပါ ကာကွယ်ထားပါတယ်ဗျာ။
Prevent Software လေးက ကာကွယ်ထားတာကို ရပ်ချင်တယ်ဆိုရင်တော့ ခုနက ကိုယ်သတ်မှတ်ထားတဲ့ Hotkey လေးကို သုံးပြီး ရပ်လိုက်ပါ။
ပိတ်ထားတဲ့ Function လေးတွေ ပြန်သုံးရတာကို တွေ့ရပါလိမ့်မယ်။
 *** Prevent သည် Drag & Drop လုပ်ပြီး Copy လုပ်သော Function ကို မကာကွယ်ပါ။ Ctrl+C နှင့် Right Click Menu မှ Copy ကိုသာ ကာကွယ်ပါသည်။


အလည်လာသူရဲ့ မျက်နှာမှာ အပြုံးပန်းတစ်ပွင့်ပွင့်သွားရင် ငါရေးရကျိုးနပ်တယ်။

Saturday, June 22, 2013

IDM 7.1 Full Version (Cracked)




IDM 7.1 Full Version လေး ပါ ။ ပုံမှာ မြင်တဲ့အတိုင်းပါပဲ ။ ဒီဇိုင်းလေးကလည်း ခပ်လန်းလန်းလေးဖြစ်သွားပါပြီး ။ အရင် IDM တွေထက် ၅ ဆ ပို မြန်တယ်လို့လည်း ဆိုထားပါတယ်။ ကဲ လိုချင်တဲ့သူတွေ ဒီလင့်လေး ကနေပြီး ဒေါင်းလိုက်ပါဗျာ ။

အလည်လာသူရဲ့ မျက်နှာမှာ အပြုံးပန်းတစ်ပွင့်ပွင့်သွားရင် ငါရေးရကျိုးနပ်တယ်။

Thursday, June 20, 2013

လူသုံးနည်းသော Mouse အသုံးပြုနည်းလေးတွေ


လူသုံးနည်းတဲ့ Mouse အသုံးပြုနည်း လေးတွေကို ကျွန်တော် တို့သုံးကြည့်ရအောင် ဗျာ။
Shortcut လို့ လည်းခေါ်ကြပါတယ်ဗျာ။
၁။ ဖွင့် ထားသော Tab ကို အလွယ်တကူ ပိတ်နည်း
ဖွင့် ထားတဲ့ Tab တွေကို ပိတ်အောင် Middle Button Scroll Wheel လေးကို သုံးပါမယ်။ ကို ပိတ်ချင် တဲ့ Tab ကလေးကို Mouse Pointer လေးတင်ပြီး Scroll Wheel လေးကို နှိပ်လိုက်ပါ။ ပိတ်သွားပါလိမ့်မယ်။

၂။ Forward (သို့)Backward ကို Button မနှိပ်ပဲ သွားလို့ရတယ်
င်္င်္Forward Button / Backward Button မနှိပ်ပဲ Shift ကလေး ဖိထားပြီး Scroll Wheel လေး ရှေ့တိုးနောက် ဆုတ်လုပ်ပြီး သွားလို့ရပါတယ်။
 Shift ကလေး နှိပ်ပြီး Scroll Wheel လေးကို ရှေ့လှည့်ပေးရင် Forward Button နှိပ်လိုက်တာနဲ့အတူတူပါပဲ ။
 Shift ကလေး နှိပ်ပြီး Scroll Wheel လေးကို နောက်လှည့်ပေးရင် Backward Button နှိပ်လိုက်တာနဲ့အတူတူပါပဲ ။

၃။ စာပိုဒ်တွေကို Select ကြမယ်
ကို Select လုပ်ချင်တဲ့ စာပိုဒ်ထဲက စာလုံးတစ်လုံးပေါ်မှာ Mouse သုံးချက်မြန်မြန်လေးနှိပ်လိုက်ပါ။ စာပိုဒ်တစ်ခုလုံးကို Select လုပ်ပေးပါလိမ့်မယ်။

၎။ Zoom ချဲ့မယ်.... ချုံ့မယ်.....
ဒါကတော့ တော်တော်များများ သိပြီးသားဖြစ်မှာပါ။ Ctrl လေးဖိထားပြီး Scroll Wheel လေးကို ရှေ့နောက် လှည့်ကြည့်လိုက်ပါ။


**ဒီMouse အသုံးပြု နည်းတွေက Firefox Browser တွေမှာ စမ်းသပ်ထားတာ ဖြစ်ပါတယ် ။


အလည်လာသူရဲ့ မျက်နှာမှာ အပြုံးပန်းတစ်ပွင့်ပွင့်သွားရင် ငါရေးရကျိုးနပ်တယ်။