Showing posts with label နည်းပညာ မှတ်စုများ. Show all posts
Showing posts with label နည်းပညာ မှတ်စုများ. Show all posts

Thursday, June 27, 2013

Download ဆွဲနည်း

 Download link ကို နှိပ်လိုက်ရင် Adf.ly ကိုရောက်သွားပါလိမ့်မယ်။ 5 second လောက်ကြာရင် ညာဘက် အပေါ် ထောင့်လေးမှာ အပေါ်ကပုံလို SKIP AD ဆိုတာလေးပေါ်လာပါလိမ့်မယ်။ အဲဒီ့ Button လေးကို တစ်ချက် ကလစ်လိုက်ပါ။

Tusfiles ဆိုက်ထဲကိုရောက်သွားရင် အောက်ကပုံအတိုင်း Download လုပ်ပါ။

Mediafire ဆိုက်ထဲကို ရောက်သွားရင် အောက်ကပုံအတိုင်း Download လုပ်ပါ။

ShareBeast ဆိုက်ထဲကို ရောက်သွားရင် အောက်ကပုံအတိုင်း Download လုပ်ပါ။


ကျန်ရှိနေသောသော Download ဆွဲနည်းများကို ဆက်တင်ပေးပါဦးမယ်
(ကျွန်တော့် Blog က Download Link များအတွက်သာ)


အလည်လာသူရဲ့ မျက်နှာမှာ အပြုံးပန်းတစ်ပွင့်ပွင့်သွားရင် ငါရေးရကျိုးနပ်တယ်။

Window 8 က Desktop Theme ကို Window 7 မှာ သုံးရအောင်လုပ်မယ်


 Window 7 ရဲ့ Desktop Theme Pack က *.themepack ပါ။ Window 8 ရဲ့ Desktop Theme Pack က *.deskthemepack ပါ။
အခုပေးမဲ့ Software လေးက Window 8 မှာ သုံးတဲ့ *.deskthemepack ကို Window 7 မှာ တင်သုံးလို့ရအောင် ကူညီပေးပါလိမ့်မယ်ဗျာ။
Software လေးကို ဒီကနေ အရင်ဆုံး Download လုပ်လိုက်ပါ။
Download လုပ်ပြီးသွားရင် Rar ဖိုင်လေးကို ဖြည်လိုက်ပါ။

ဒီက နေပြီး Window 8 အတွက် Desktop Theme ဖိုင်လေး ကို ဆွဲလိုက်ပါဦး ။
DeskthemepackInstaller ကို Run လိုက်ပါ။

အပေါ်ဆုံးက Install a deskthemepack File .... ဆိုတာလေးကို Click လိုက်ပါ။
အပေါ်တုန်းက  ဆွဲထားတဲ့ Window 8 Desktop Theme လေးကို ရွေးပေးလိုက်ပါ။
အခုဆိုရင် သင့် Window 7 မှာ Window 8 Desktop Theme လေးရောက်နေတာကို တွေ့ရပါလိမ့်မယ်ဗျာ။

အလည်လာသူရဲ့ မျက်နှာမှာ အပြုံးပန်းတစ်ပွင့်ပွင့်သွားရင် ငါရေးရကျိုးနပ်တယ်။

Sunday, June 23, 2013

ကိုယ်အပြင်သွားနေတုန်း ကိုယ့် File တွေကို Cut , Copy , Paste , Delet , Rename လုပ်လို့ မရအောင် ပိတ်ထားကြရအောင်



Post Title က အရှည်ကြီးပဲ ...... ရေးရတာ မောလိုက်တာ :) :)
ဒီနေ့တော့ Prevent လေးနဲ့ မိတ်ဆက်ပေးချင်တယ်ဗျာ။
ဒီ Software လေးက File တွေ Folder တွေကို Cut , Copy , Paste , Delet , Rename လုပ်လို့မရအောင် ပိတ်ပေးထားတဲ့ Software လေးပါဗျာ ။
Software လေးကို အရင်ဆုံး ဒီကနေ ဒေါင်းလိုက်ပါ။
ပြီးရင် Install လုပ်လိုက်ပါ။
ပြီးရင် Run လိုက်ပါ။
Prevent Software လေးကို ရပ်ဖို့ အတွက် Hotkey လေးသတ်မှတ်ခိုင်းပါလိမ့်မယ်။
ကျွန်တော်က တော့ အပေါ်က ပုံမှာ မြင်ရတဲ့ အတိုင်း Ctrl+T လေး ကို Hotkey လေးပေးထားပါတယ်။
(ကိုယ်ကြိုက်တဲ့ Hotkey လေး တစ်ခု ကိုယ့်ဘာသာကို သတ်မှတ်လိုက်ပါ။)
အဲဒီ့ Hotkey လေးကို မှတ်ထားပါနော်။
Activate Button လေးကို Click လိုက်ပါ။ Hotkey Saved ဆိုတဲ့ Message ဘောက်လေးပေါ်လာပါလိမ့်မယ်။ OK ပေးလိုက်ပါ။
Prevent လေး စပြီး Hiden ဖြစ်သွားပြီး တိတ်တိတ်ကလေး Run နေပါပြီဗျာ။
အခုက စပြီး Cut , Copy , Paste , Delete , Copy To , Move To , Send To , Rename စတဲ့ Function တွေ သုံးလို့မရတော့ပါဘူး။
သူက Task Manager ထဲက Process Tab ထဲမှာ Right Click Menu မပေါ်အောင်ပါ ကာကွယ်ထားပါတယ်ဗျာ။
Prevent Software လေးက ကာကွယ်ထားတာကို ရပ်ချင်တယ်ဆိုရင်တော့ ခုနက ကိုယ်သတ်မှတ်ထားတဲ့ Hotkey လေးကို သုံးပြီး ရပ်လိုက်ပါ။
ပိတ်ထားတဲ့ Function လေးတွေ ပြန်သုံးရတာကို တွေ့ရပါလိမ့်မယ်။
 *** Prevent သည် Drag & Drop လုပ်ပြီး Copy လုပ်သော Function ကို မကာကွယ်ပါ။ Ctrl+C နှင့် Right Click Menu မှ Copy ကိုသာ ကာကွယ်ပါသည်။


အလည်လာသူရဲ့ မျက်နှာမှာ အပြုံးပန်းတစ်ပွင့်ပွင့်သွားရင် ငါရေးရကျိုးနပ်တယ်။

Thursday, June 20, 2013

လူသုံးနည်းသော Mouse အသုံးပြုနည်းလေးတွေ


လူသုံးနည်းတဲ့ Mouse အသုံးပြုနည်း လေးတွေကို ကျွန်တော် တို့သုံးကြည့်ရအောင် ဗျာ။
Shortcut လို့ လည်းခေါ်ကြပါတယ်ဗျာ။
၁။ ဖွင့် ထားသော Tab ကို အလွယ်တကူ ပိတ်နည်း
ဖွင့် ထားတဲ့ Tab တွေကို ပိတ်အောင် Middle Button Scroll Wheel လေးကို သုံးပါမယ်။ ကို ပိတ်ချင် တဲ့ Tab ကလေးကို Mouse Pointer လေးတင်ပြီး Scroll Wheel လေးကို နှိပ်လိုက်ပါ။ ပိတ်သွားပါလိမ့်မယ်။

၂။ Forward (သို့)Backward ကို Button မနှိပ်ပဲ သွားလို့ရတယ်
င်္င်္Forward Button / Backward Button မနှိပ်ပဲ Shift ကလေး ဖိထားပြီး Scroll Wheel လေး ရှေ့တိုးနောက် ဆုတ်လုပ်ပြီး သွားလို့ရပါတယ်။
 Shift ကလေး နှိပ်ပြီး Scroll Wheel လေးကို ရှေ့လှည့်ပေးရင် Forward Button နှိပ်လိုက်တာနဲ့အတူတူပါပဲ ။
 Shift ကလေး နှိပ်ပြီး Scroll Wheel လေးကို နောက်လှည့်ပေးရင် Backward Button နှိပ်လိုက်တာနဲ့အတူတူပါပဲ ။

၃။ စာပိုဒ်တွေကို Select ကြမယ်
ကို Select လုပ်ချင်တဲ့ စာပိုဒ်ထဲက စာလုံးတစ်လုံးပေါ်မှာ Mouse သုံးချက်မြန်မြန်လေးနှိပ်လိုက်ပါ။ စာပိုဒ်တစ်ခုလုံးကို Select လုပ်ပေးပါလိမ့်မယ်။

၎။ Zoom ချဲ့မယ်.... ချုံ့မယ်.....
ဒါကတော့ တော်တော်များများ သိပြီးသားဖြစ်မှာပါ။ Ctrl လေးဖိထားပြီး Scroll Wheel လေးကို ရှေ့နောက် လှည့်ကြည့်လိုက်ပါ။


**ဒီMouse အသုံးပြု နည်းတွေက Firefox Browser တွေမှာ စမ်းသပ်ထားတာ ဖြစ်ပါတယ် ။


အလည်လာသူရဲ့ မျက်နှာမှာ အပြုံးပန်းတစ်ပွင့်ပွင့်သွားရင် ငါရေးရကျိုးနပ်တယ်။

Sunday, May 26, 2013

Window Command Prompt မှာ Ctrl+V Shortcut သုံးလို့ရအောင်လုပ်နည်း

Window Command Prompt မှာ Paste အတွက်ကျွန်တော်တို့အသုံးများတဲ့ ShortCut (Ctrl+V) ကိုသုံးလို့မရပါဘူး။ သုံးလို့ရအောင်လုပ်တဲ့နည်းတော့ရှိပါတယ်။
Command Prompt သုံးတဲ့လူတော်တော်များများ အောက်ကနည်း နှစ်ခုတည်းက တစ်ခုကို သုံးနေကြရတယ်ဟုတ်။
Command Prompt မှာ Right Click ထောက်ပြီး Menu ကနေ Paste လုပ်ချင်ရင်လုပ် ဒါမှမဟုတ်ရင် Alt+Space> E > P ကို နှိပ်ပြီး Paste လုပ်ရင်လုပ် ။
ဒီနည်းနေကိုပဲ သုံးနေရပါတယ်။ တစ်ခါတစ်လေကျတော့လည်း Ctrl+V ကို သုံးချင်စိတ်ကလေး ပေါ် ပေါ်လာတယ်ဗျာ့။
Ctrl+V ကို Command Prompt မှာ မှားနှိပ်မိလို့ ^V ဒီလိုပေါ်လာတာကို စိတ်တိုင်းသိပ်မကျချင်ပါဘူး။
Paste လုပ်ဖို့ ဆိုရင် Ctrl+V ကို ပဲနှိပ်ချင်တဲ့စိတ်တွေကြောင့် ^V က ခဏခဏ ပေါ်ပေါ်လာတယ်ဗျာ။
^V လေးမပေါ်ပဲ Command Prompt မှာ Ctrl+V သုံးလို့ရအောင် ဒီ Software လေး ကို Download လုပ်ပြီး Run လိုက်ပါ။
Ctrl + V ကို Command Prompt မှာ မသုံးချင်တော့ဘူးဆိုရင်တော့ Tray Icon ထဲက ဒီ Application လေးကို Right Click ထောက်ပြီး Exit လုပ်လိုက်ပါ။
***အမြဲတမ်းသုံးလိုသူများအတွက် ***
Run Box ကို ဖွင့်ပါ။(Window+R) (သို့မဟုတ်) Start Button ကို Click ပြီး Search Programs and Files ဆိုသောနေရာတွင်အောက်ပါစာသားကို ရိုက်နိုင်ပါသည်။
shell:startup လို့ရိုက်ပြီး Enter နှိပ်ပါ။
ပေါ်လာသော Startup Folder ထဲသို့ Download လုပ်ထားသော Application ကို Paste လုပ်ပါ။
မှတ်ချက် ****
Window 7 ဖြင့် စမ်းသပ်ထားခြင်း ဖြစ်ပါသည်။

အလည်လာသူရဲ့ မျက်နှာမှာ အပြုံးပန်းတစ်ပွင့်ပွင့်သွားရင် ငါရေးရကျိုးနပ်တယ်။

Wednesday, May 8, 2013

Window 7 မှာ New Folder ကို Shortcut နဲ့ဖန်တီးမယ်

New Folder ဆောက်ချင်တယ်ဆိုရင် Right Click > New > Folder ကို ဆောက်ချင်ရင်ဆောက်
ဒါမှမဟုတ်ရင် ToolBar ကနေ New Folder ကို Click ပြီး New Folder ဆောက်နေ ရတာရိုးအီနေပါပြီ။
အသစ်အဆန်းလေးဖြစ်သွားအောင် ShortCut နဲ့ New Folder ဆောက်ကြည့်ရအောင်ဗျာ။
အဲ ShortCut နှစ်ခုပေးမယ်

ပထမ ShortCut
Alt+F ကို တွဲနှိပ်ပြီး ရင် W+F နဲ့ကို တွဲနှိပ်လိုက်ပါ။ ဒါဆို New Folder  လေးတည်ဆောက်ပြီးပါပြီ။ (Desktop ပေါ်မှာဆိုရင်တော့ ဒီနည်းက အဆင်မပြေပါဘူး)
Window Explorer ကို ဖွင့်ပြီး သုံးမှ အဆင်ပြေပါလိမ့်မယ်။

ဒုတိယ ShortCut
ဒါကတော့ Desktop ပေါ်မှာလည်း အဆင်ပြေပါတယ်ဗျာ။
Ctrl + Shift + N ကို တွဲနှိပ်လိုက်ပါ ။ New Folder လေး ဘွားကနဲပေါ်လာပါလိမ့်မယ်။

အားလုံးပျော်ရွှင်နိုင်ကြပါစေ.........



အလည်လာသူရဲ့ မျက်နှာမှာ အပြုံးပန်းတစ်ပွင့်ပွင့်သွားရင် ငါရေးရကျိုးနပ်တယ်။

Wednesday, February 6, 2013

Gtalk ကိုအကောင့်တစ်ခုထက်ပိုပြီး သုံးလို့ရအောင်

ဒီနည်းလေးကို တော်တော်များများလည်းသိပြီးဖြစ်မှာပါ။ မသိသေးတဲ့လူတွေအတွက်ပေါ့ဗျာ။ Gtalk ကို အကောင့်တစ်ခုထက်ပိုပြီး သုံးလို့ရအောင်လုပ်ဖို့က Software မလိုဘူးဗျာ။ ကျွန်တော်လည်းမသိခင်ကတော့ Software လိုတယ်ထင်နေခဲ့တာ။ သိသွားတော့မှ ဒီလိုလေးတင်ပဲလားပေါ့ ။ နည်းပညာဆိုတာ ဒီလိုပါပဲ မသိသေးခင်တာ ခက်တာပါ ။ သိသွားတော့လည်း အော်ဒီလို လေးတင်ပါ့လားပေါ့ ။ စကားတွေပြောနေတာ ကြာပါတယ် ။ စလိုက်ကြရအောင်ဗျာ ။
ပထမဆုံးအနေနဲ့ Desktop ပေါ်မှာရှိနေတဲ့ gtalk icon လေးကို right click လုပ်လိုက်ပါ ။ ပေါ်လာတဲ့ Menu ထဲက Properties ကို Click လိုက်ပါ။ Properties Box ကျလာလိမ့်မယ်။ အဲဒီ့ထဲက Target ဆိုတာရဲ့ ဘေးက Text Field ထဲမှာ C:\Program Files\Google\Google Talk\googletalk.exe" /startmenu ဆိုတာကိုတွေ့ရပါလိမ့်မယ်။ နောက်ဆုံးက startmenu ဆိုတာလေးကို nomutex လို့ပြင်လိုက်ပြီး Apply ဆိုတဲ့ Button လေးကို Click လိုက်ပါ။ အကောင့်ဘယ်နှစ်ခု ဖွင့်ပြီးသုံးချင်လဲ သုံးချင်သလောက် ဖွင့်လို့ရပါပြီဗျာ။ ကဲ စာဖတ်သူ သင်လည်း အခု အော်ဒီလိုလေးတင်ပါ့လားလို့ ရေရွတ်နေပြီမလား။ စာဖတ်သူ အပေါင်း နည်းပညာ ဗဟုသုတများ တိုးပွားနိုင်ပါစေ ခင်ဗျာ။

Saturday, October 6, 2012

Window 7 ရဲ့ Control Pannel အောက် က Setting တွေ အကုန်လုံးကိုမြင်ချင်ရင်

ဒီဖိုင်လေးကိုဒေါင်းပါ။ Extract လုပ်ပါ။ အထဲက File ကို Double Click နှိပ်လိုက်ပါ ။ Control Pannel အောက် က Setting တွေ အကုန်လုံးကိုမြင်ရပါ လိမ့်မယ်။
ကိုယ်တိုင် လုပ်ချင်သူတွေ အတွက် နည်း လေးကတော့
၁။ Folder အသစ်တစ်ခုဆောက်ပါ။
၂။ Right Click နှိပ်ပြီး Menu ထဲက Rename ကိုနှိပ်။(Folder ပေါ်တွင် Click တစ်ချက်နှိပ်ပြီး Select လုပ်ခါ  F2 ကို နှိပ်လျှင်လည်းရပါတယ်)
၃။ Folder နာမည်ကို Toe Wai.{ED7BA470-8E54-465E-825C-99712043E01C} လို့ ရိုက်ပြီး Enter နှိပ်ပါ။ (Toe Wai နေရာတွင် ကြိုက်ရာနာမည်ရေးနိုင်ပါတယ်)
ဒါဆိုရင် Control Pannel အောက် က Setting တွေ အကုန်လုံးကိုမြင်ရတဲ့ Folder လေးလုပ်လို့ပြီးပါပြီး။

Wednesday, August 15, 2012

USB Stick အပျက်ကလေးတွေ ပြင်ကြည့်ရအောင်

USB က Format ရိုက်လို့မရ၊ Data ထုတ်မရ၊ Data ထည့်မရ ၊ 4GB ကို 100MBလောက်ပဲသုံးရ နေလို့စိတ်ညစ်နေပါသလား။ ဘာမှစိတ်ညစ်မနေပါနဲ့ ။ ဒီနေ့ USB Stick တွေပြင်လို့ရတဲ့ Tool လေးတစ်ခုပေးမယ် ။ စမ်းပြီးသုံးကြည့်ပေါ့ ။ အဆင်ပြေသွားရင် အမြတ်ပေါ့။ အဆင်မပြေတော့လည်း အရင်းပေါ့ ဟုတ်ဘူးလား ။ ကျွန်တော်ကတော့ အမြတ်ရလိုက်တယ်ဗျာ့။ ခုနလေးကပဲ ဒေါင်းထားတဲ့ Software တွေထဲကနေ တွေ့တာနဲ့ ကျွန်တော့ရဲ့ USB Stick အပျက်ကလေးကို စမ်းကြည့်လိုက်တယ်ဗျာ့ ။ အဲ ပြောရဦးမယ် ကျွန်တော့ 4G Stick ကလေးက 29.8MB ပဲအလုပ်လုပ်တယ်ဗျာ့။ Format ရိုက်တော့လည်း 4G မရဘူး 29.8 MB ပဲ ပြနေတယ်ဗျာ့ ။ အဲဒါနဲ့  Memory Stick ကလေး ကွန်ပျူတာမှထိုးပြီး ဒီ Software လေးကို Run လိုက်တယ်။ ပေါ်လာတဲ့ Dialog Box ထဲက Format Button ကို Click လိုက်တယ်။ သူက Format လုပ်ရင် Stick ထဲက Data တွေပျက်မယ်တွေဘာမယ်တွေပြောတာပေါ့။
ကျွန်တော်လည်းရပါတယ်ပေါ့ ဆိုပြီး OK ကလစ်လိုက်ပါတယ်။ မိနစ် ၃၀ ၀န်းကျင်လောက်ရောက်တော့ Message Box ပေါ်လာတယ် ။ Format Fail တဲ့ ။ သွားပါပြီလို့ ကျွန်တော်မှတ်လိုက်တာ ။ ကွန်ပျူတာကို USB Stick လေးပြန်ထိုးကြည့်လိုက်ပြီး မကျေနပ်တာနဲ့ Right Click နှိပ်ပြီး Format ပြန်ရိုက်ကြည့်လိုက်တော့ 3.79GB free of 3.79GB တဲ့ ။ ဟုတ်ရဲ့လားဆိုပြီး Data အသွင်း အထုတ်ကလေးလုပ်ကြည့်လိုက်တော့ ။ အဆင်ပြေတယ်ဗျာ။
အဲဒီ့ Software လေးကို လိုချင်ရင် ဒီမှာ ဒေါင်းပါ။ 136.45KBပဲရှိပါတယ်။

Sunday, June 12, 2011

နာ​မည်မ​ရှိ​တဲ့ Folderေ​လး လု​ပ်ြ​က​ည့်​ရေ​အာင်ဗျာ

နာမည်မရှိတဲ့ ဖိုဒါလေး လုပ်ဖို့  ဘာ software မှ မလိုပါဘူး။ နောက်ပြီး ဖတ်ပြီးသွားရင် အော် ဒီလိုလေးတင်ပါ့လားလို့ ရေရွတ်ဖို့လည်း မမေ့ပါနဲ့ဦးဗျာ့ ။ အဲ လေကြောရှည်နေတာနဲ့ ကြာပါတယ် ။ ကျွန်တော်တို့တွေ စလိုက်ကြရအောင် ။ ပထမဆုံးအနေနဲ့ နာမည်မရှိတဲ့ ဖိုဒါလုပ်ချင်တဲ့ ဖိုဒါလေးကို select လုပ်လိုက်ပါ။ ပြီးရင် F2 ကို နှိပ်လိုက်ပါ။( right click လုပ်ပြီး rename ကို click လည်းရပါတယ်။) ပြီးရင် Alt ကို နှိပ်ရင်း Key Pad ပေါ်က 255 (သို့မဟုတ်) 0160 ကို နှိပ်လိုက်ပါ။ ပြီးရင် Enter ခေါက်လိုက်ပါတော့ ။ ဖိုဒါလေးမှာနာမည်မရှိတော့ဘူး ။ ကဲ စာဖတ်သူအပေါင်း နည်းပညာ၊ ဗဟုသုတများ တိုးပွားနိုင်ကြပါစေဗျာ။