Sunday, May 26, 2013

Window Command Prompt မှာ Ctrl+V Shortcut သုံးလို့ရအောင်လုပ်နည်း

Window Command Prompt မှာ Paste အတွက်ကျွန်တော်တို့အသုံးများတဲ့ ShortCut (Ctrl+V) ကိုသုံးလို့မရပါဘူး။ သုံးလို့ရအောင်လုပ်တဲ့နည်းတော့ရှိပါတယ်။
Command Prompt သုံးတဲ့လူတော်တော်များများ အောက်ကနည်း နှစ်ခုတည်းက တစ်ခုကို သုံးနေကြရတယ်ဟုတ်။
Command Prompt မှာ Right Click ထောက်ပြီး Menu ကနေ Paste လုပ်ချင်ရင်လုပ် ဒါမှမဟုတ်ရင် Alt+Space> E > P ကို နှိပ်ပြီး Paste လုပ်ရင်လုပ် ။
ဒီနည်းနေကိုပဲ သုံးနေရပါတယ်။ တစ်ခါတစ်လေကျတော့လည်း Ctrl+V ကို သုံးချင်စိတ်ကလေး ပေါ် ပေါ်လာတယ်ဗျာ့။
Ctrl+V ကို Command Prompt မှာ မှားနှိပ်မိလို့ ^V ဒီလိုပေါ်လာတာကို စိတ်တိုင်းသိပ်မကျချင်ပါဘူး။
Paste လုပ်ဖို့ ဆိုရင် Ctrl+V ကို ပဲနှိပ်ချင်တဲ့စိတ်တွေကြောင့် ^V က ခဏခဏ ပေါ်ပေါ်လာတယ်ဗျာ။
^V လေးမပေါ်ပဲ Command Prompt မှာ Ctrl+V သုံးလို့ရအောင် ဒီ Software လေး ကို Download လုပ်ပြီး Run လိုက်ပါ။
Ctrl + V ကို Command Prompt မှာ မသုံးချင်တော့ဘူးဆိုရင်တော့ Tray Icon ထဲက ဒီ Application လေးကို Right Click ထောက်ပြီး Exit လုပ်လိုက်ပါ။
***အမြဲတမ်းသုံးလိုသူများအတွက် ***
Run Box ကို ဖွင့်ပါ။(Window+R) (သို့မဟုတ်) Start Button ကို Click ပြီး Search Programs and Files ဆိုသောနေရာတွင်အောက်ပါစာသားကို ရိုက်နိုင်ပါသည်။
shell:startup လို့ရိုက်ပြီး Enter နှိပ်ပါ။
ပေါ်လာသော Startup Folder ထဲသို့ Download လုပ်ထားသော Application ကို Paste လုပ်ပါ။
မှတ်ချက် ****
Window 7 ဖြင့် စမ်းသပ်ထားခြင်း ဖြစ်ပါသည်။

အလည်လာသူရဲ့ မျက်နှာမှာ အပြုံးပန်းတစ်ပွင့်ပွင့်သွားရင် ငါရေးရကျိုးနပ်တယ်။

1 comment :

  1. Window Command Prompt မှာ Ctrl+V Shortcut သုံးလို့ရအောင်လုပ်နည်း
    ~
    ကွန်ပျူတာတက္ကသိုလ်(မကွေး) >>>>> Download Now

    >>>>> Download Full

    Window Command Prompt မှာ Ctrl+V Shortcut သုံးလို့ရအောင်လုပ်နည်း
    ~
    ကွန်ပျူတာတက္ကသိုလ်(မကွေး) >>>>> Download LINK

    >>>>> Download Now

    Window Command Prompt မှာ Ctrl+V Shortcut သုံးလို့ရအောင်လုပ်နည်း
    ~
    ကွန်ပျူတာတက္ကသိုလ်(မကွေး) >>>>> Download Full

    >>>>> Download LINK

    ReplyDelete